မီလီယျံနာတွေရဲ့ စိတ် လျှို့ဝှက်ချက်

သင်ရော သိပါသလား သူဌေးတွေရဲ့ စိတ်ကို၊ ပြီးတော့ ပိုက်ဆံအပေါ် ထားတဲ့ သင့်ရဲ့ စိတ်နေသဘောထားကို ပြောင်းပစ်ရမယ်ဆိုတာကိုရော သိပါသလား ။ ချစ်ရတဲ့ ကေသီလေးရေ ဒါတွေကို သိချင်လား မသိချင်လားတစ်ချက် ပြောပေးနော် ။ သိချင်ရင် ဆက်ရေးပေးမှာ မို့လို့ပါ

(၁) ဘဝကိုဖန်တီးတယ် လူဆင်းရဲတွေက ဘဝက ကံစီမံရာလို့ တွေးတတ်ကြပြီး ချမ်းသာတဲ့သူတွေကတော့ အဲ့ကံတွေကို သူတို့ကပဲ ဖန်တီးတာလို့ ယုံကြည်ကြတယ် (၂) လူဆင်းရဲတွေက ပိုက်ဆံ ဆုံးရှုံးမှာ ကြောက်ပြီး ချမ်းသာ‌သူက ပိုက်ဆံကို ပိုများလာအောင် လုပ်တယ် (၃) လူဆင်းရဲတွေက ချမ်းသာချင်တယ် ဒါပေမယ့် ရအောင်မလုပ်ဘူး လူချမ်းသာတွေက ရအောင်လုပ်မယ်ဆိုပြီး ဘုရင့်နောင် ဖောင်ဖျက်စိတ်နဲ့ ကြိုးစားတယ် (၄)လူဆင်းရဲတွေက ငွေနည်းနည်းရမဲ့အလုပ်လောက် အဆင်ပြေရုံတွေးတတ်ကြပေမယ့် လူချမ်းသာတွေကတော့ သူဌေးဖြစ်စေမဲ့ အလုပ်မျိုးကိုသာ စွန့်စားကြတယ် (၅) လူဆင်းရဲက အဟန့်အတားကို ကြည့်တယ် လူချမ်းသာက အခွင့်အရေးကို ကြည့်တယ်။ ရတဲ့အခွင့်အရေးကို ရအောင် ဖမ်းပြီး အသုံးချကြတယ် (၆) လူဆင်းရဲတွေက ပိုက်ဆံရှိတဲ့သူတွေကို သဘောမကျဘူး သူတို့ ချမ်းသာတာ မကောင်းတာလုပ်လို့နေမှာ၊ မိဘက ချမ်းသာလို့ ။ လူချမ်းသာတွေကကျတော့ သူဌေးတွေကို အားကျတယ် သူတို့ဆီက သင်ယူလို့ရတာတွေ သင်ယူတယ် ( ဒီနေရာမှာ သူဌေးတိုင်း ကောင်းတာမဟုတ်ပါ ရိုးသားဖြောင့်မတ်ပြီး ငွေဖြူ ငွေသန့် သူဌေးကိုပဲ အားကျပါ )

Design a site like this with WordPress.com
Get started